Burmart Application မှ အနိမ့်ဆုံး ဝယ်ယူနိုင်သည့် ပမာဏ အား ပြောင်းလဲ သတ်မှတ်ခြင်း။
2024-08-26 08:56:25 | Announcements
မင်္ဂလာပါ
Burmart မှ အစဉ်အမြဲ မှာယူအားပေးနေသည့် ဆိုင်ရှင်ကြီးများခင်ဗျ။ ဦးစွာပထမ အနေဖြင့် MDG နှင့် Burmart မိသားစုမှ ဆိုင်ရှင်ကြီးများအားလုံး သာယာပျော်ရွင်ဖွယ် ကောင်းသော နေ့လေး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။ ဆိုင်ရှင်ကြီးများအားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာရှိကြပါစေခင်ဗျ။
ယခုလက်ရှိဖြစ်ပေါ်နေသည့် ဈေးကွက်အခြေအနေ နှင့် Transportation အခြေအနေများအရ Burmart မှ အနိမ့်ဆုံး ဝယ်ယူမှု ပမာဏ ကို လက်ရှိ ၃၀,၀၀၀ ကျပ် မှ ၅၀,၀၀၀ ကျပ်သို့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲ သတ်မှတ်မည် ဖြစ်ပြီး အဆိုပါနေ့ရက်မှ စတင်၍ ဆိုင်ရှင်ကြီးများမှ ကျပ် ၅၀,၀၀၀ ပြည့်ဝယ်ယူမှုပြုမှသာ Burmart Application မှ Order တင်နိုင်မည် ဖြစ်ကြောင်း ကို လေးစားစွာဖြင့် ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။